• သင်၏ လစာနည်းရခြင်းအကြောင်အရင်း( ၃ )မျိုး 
  • ကျမတို့သည် ကုမဏီကို စတင်အလုပ်လုပ်ရုံသာရှိသေး၍လည်းကောင်း၊ လ တစ်လ၏အစတွင် အလုပ်မစတင်ခဲ့ခြင်းကြောင့်လည်းကောင်း။ 
  • လစာအပြည့်က တစ်လစာအလုပ်လုပ်ခဲ့မှသာ တစ်လစာအပြည့်ရရှိကြမှာ ဖြစ်ပါတယ်။ 

        (လစာ ဆိုတာ တစ်လစာ လုပ်အားခကို ဆိုလိုတာပါ) 

  • ဥပမာ ကျမတို့က လူသစ်ဖြစ်တဲ့အပြင် ၁၅ ရက်နေ့မှ အလုပ်စတင်ခဲ့ခြင်းကြောင့်သာ လစာတစ်ဝက်သာ ရရှိတာဖြစ်ပါတယ်။ 
  • ကျမတို့က ခွင့်ရက်ယူထားတဲ့အပြင် (Vacation Leave )ထပ်လိုချင်၍မရနိုင်ပါ။ 
  • ခွင့်ရက်မယူခင် ကျမတို့ခွင့်ရက် ဘယ်လောက်ကျန်သေးလဲဆိုတာ ကျမတို့ သူဌေးကိုမေးသင့်ပါတယ်။ 
  • ခွင့်ရက်မကျန်တော့ပဲ ခွင့်ယူခဲ့ပါက အလုပ်ပျက်ရက်အနေဖြင့်သာ ကုမဏီမှ သတ်မှတ်ပါသည်။ 

          အင်္ဂလိပ်အခေါ်(unpaid Leave) 

  • ကျမတို့က MC ယူခဲ့လျှင် Sick Leave ထပ်မရနိုင်ပါ/မကျန်တော့ပါ။ 
  • စင်ကာပူတွင် အလုပ်သမားများကို (MC )အနည်းဆုံး ခွင့်ယူရက်(၁၄)ရက် ပေးထားပါသည်။ 
  • ကျမတို့က ထို (၁၄)ရက်ထက် ကျော်လွန်၍ ခွင့်ယူခဲ့လျှင် အလုပ်ပျက်ရက် အနေဖြင့်သာ သတ်မှတ်ခံရမည်။(Unpaid leave) 
  • စင်္ကာပူက ကုမ္ပဏီ တော်တော်များများက ဆေးခွင့်ကို  ၁၄ ရက် ပေးကြတယ်၊ ၁၄ ရက်ထက်      ပိုယူရင် ပိုတဲ့ရက်တွေတွေကို လစာထဲက ပိုက်ဆံဖြတ်မယ်၊ တရက်ပိုရင် တရက်စာဖြတ်မယ် 
  • <> အထက်ပါ ( unpaid Leave)ဆိုတဲ့အဓိပ္ပါယ်က  ခွင့်(၁၄)ရက် ပိုယူခဲ့ရင် လစာမရတဲ့ခွင့်ရက်ကို ပြောပြခဲ့ခြင်းဖြစ်ပါတယ်။ရှင်းပြခဲ့သည်များကို နားမလည်ပါက သင်၏ စူပါဘိုက်ဇာ သို့မဟုတ် သူဌေးကို မေးမြန်းနိုင်ပါတယ်။